အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုပါသည်

usa က ဟိုကောင် ငနေ!  မင်းပြန်လာရင်ဝိုင်းပြန်စလို့ရပြီ ငါတို့မင်းပြောခဲ့သလို့ စည်းကမ်းရှိရှိသောက်နေတယ် မင်းကိုစောင့်နေတယ်

ဒီနေ့မှမဟုတ်ဘူး...ချစ်သူများနေ့ဆိုတာ ဒို့နှစ်ယောက်အတွက် နေ့တိုင်းရှိနေမှာ.....ATH+THHL




ဗိုလ်ချုပ်အတွက်ဆုတောင်း..........
ဖေဖော်ဝါရီ(၁၃)ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ တော်ရဲ
့လွတ်လပ်ရေးခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကို
၁၉၁၅ခု၊ဖေဖော်ဝါရီ.၁၃.ရက်(၁၂၇၆ခု၊တပေါင်းလဆန်း.၁.ရက်) စနေ နေ့ တွင်
တောင်တွင်းကြီးခရိုင် နတ်မောက်မြို့တွင်နေထိုင်သော
ရှေ့နေကြီး အဘ-ဦဖာ ၊ အမိ-ဒေါ်စုတို့ မှမွေးဖွားသန့် စင်ခဲ့တာပါ။


ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်သည်။ အကို "အောင်သန်း" အမည်နှင့်
လိုက်ဖက်စေရန် အောင်ဆန်းဟု ခေါ်တွင်အမည်ပေးခဲ့သည်။
ဖေဖေါ်ဝါရီ (၁၃)ရက်နေ.ကို ကုလသမဂ္ဂအဖွဲ.ကြီးက ဗိုလ်ချုပ်အောင်ဆန်းကို
ဂုဏ်ပြုသောအားဖြင့် ၁၉၇၉ခုနှစ်မှာ "ကမ္ဘာ့ ကလေးသူငယ်များနေ့."
အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ထို့ အတူ ၁၃ ကိုသိပြီဆိုတော့ ၁၂ ကိုရော မှတ်မိကြရဲ့ လား။

ဖေဖေါ်ဝါရီလ -၁၂ ရက်နေ.ဟာလည်း ပြည်ထောင်စုနေ.ဖြစ်ပါတယ်
၁၉၄၇ခုနှစ် အဲဒီနေ.မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ
တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည်နယ်မြောက်ပိုင်းပင်လုံမြို.မှာ
ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့တဲ့နေ့ ပါ။

ကဲဗျာ ဖေဖော်ဝါရီ ၁၄ အတွက်တောင်ကြိုပြီး ပြင်ဆင်နေကြတာပဲ။
ကျွန်တော်တို့ လဲ ကျွန်တော်တို့ ရဲ့  လွတ်လပ်ရေးဗိသုကာဆရာကြီး (သို့ မဟုတ်)
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ အတွက်
ကြီုပြီး ဗိုလ်ချုပ်ကောင်းရာသုဂတိလားစေကြောင်း ဂုလ်ပြုဆုတောင်းကြရအောင်ဗျာ။
ဗိုလ်ချုပ်ကို မမေ့တဲ့သူတိုင်း ပါဝင်သင့်ပါတယ်။ ဗိုလ်ချုပ်ရဲ့  ပုံတွေပါ။
အမှတ်တရပေါ့။


ထာဝရဂုဏ်ယူလေးစားလျှက်ပါ ။ ဗိုလ်ချုပ်ကောင်းရာသုဂတိ လားပါစေကြောင်း ဒီနေရာကနေ
ဆုမွန်ကောင်းတောင်းရင်း ဗိုလ်ချုပ်အတွက်ဂုဏ်ပြုလိုက်ပါတယ်။

မှတ်ချက်။ ။ mail ထဲရောက်လာတဲ့ပို့စ်လေးကိုဖြတ်ညှပ်ကပ်ပြီးတင်လိုက်ရပါတယ်....

Korn ဆိုတာ NU Metal လောကကို တစ်ခေတ်ပြောင်းခဲ့တဲ့ Band တစ်ခုပါ။Blind
သီချင်းနဲ့တွဲပြီး သိတဲ့လူတွေရှိသလို Munky နဲ့ Headရဲ့ 7th strings
ဂစ်တာ Performanceကြောင့်သတိထားခဲ့သူတွေလည်းရှိမှာပါ။Bass သမားFieldyရဲ့
Hip Hop Fashion နဲ့ Metal တီးတဲ့ဟန်ကလည်း Korn ရဲ့ trademark တစ်ခုပါ။
Jonathan Davidရဲ့ mice standနဲ့ ငိုမလို ရယ်မလို Vocal သံကလည်း Korn
ကိုတစ်မျိုး ကွဲထွက်စေခဲ့ပါတယ်။
    Korn ဆိုတဲ့အဖွဲ့ ဖြစ်လာဖို့စခဲ့တာကတော့ L.A.P.Dကနေ Creep ဆိုတဲ့
band။ Creep ဆိုတဲ့Band မှာ ပထမ Coreyကဆိုသမား၊နောက်ပိုင်းမှာတွဲရတာ အဆင်မပြေလို့ Corey ကို ထုတ်လိုက်ပြီး Jonathan David ဆိုတဲ့ လူကြောက်တတ်တဲ့ငနဲတစ်ကောင်ကို ဆွဲခေါ်ခဲ့ပါတယ်။ဒီငနဲက လူသာကြောက်တတ်တာ Creep ဆိုတဲ့ Band နာမည်အောက်မှာ မဆိုချင်ပြန်ဘူးတဲ့။အဲ့ဒါနဲ့ ၁၉၉၆ မှာ Korn ဆိုပြီးစဖွဲ့ဖြစ်လာတယ်။သူတို့ရဲ့ Neidermeyer's Mind ဆိုတဲ့ demo ခွေကို Producer ကြီး Ross Robinsonနဲ့တွဲပြီးစထုတ်ခဲ့ကြတယ်။အဲ့ဒီတုန်းက Korn ကတော့ ၁၉၉၀ မျိုးဆက် Rock ပုံစံလိုလို၊Grunge လိုလိုဖြစ်နေခဲ့ပါတယ်။၁၉၉၄၊အောက်တိုဘာ၁၁ရက်နေ့မှာ Blind သီချင်းပါတဲ့ Once Korn ကိုထုတ်ခဲ့ကြပါတယ်။အဲ့ဒီမှာ Korn ဆိုတဲ့ဂီတ၀ိုင်းသစ်တ၀ိုင်းဟာ နိုင်ငံတကာဂီတလမ်းကြောင်းထဲ ကခုန်ပေါက်ဝင်လာပါတော့တယ်။ Korn တွေရဲ့ ပထမဆုံး နယ်လှည့် Show ကတော့Marilyn Manson တို့၊death metal band  ဖြစ်တဲ့ Danzigတို့ရဲ့ ရှေ့ထွက်အနေနဲ့တီးခဲ့ရပါတယ်။သူတို့ရဲ့ ဒုတိယအယ်လ်ဘမ်ကို Producer Robinson နဲ့ပဲ၁၉၉၆ အောက်တိုဘာ ၁၅ မှာထုတ်ခဲ့ပါတယ်။ Life Is Peachy ဆိုတဲ့အယ်လ်ဘမ်ပါ။အဲ့ဒီအယ်လ်ဘမ်ရဲ့ producer အနေနဲ့ show တစ်ခုတီးရပါကအဲ့ဒီ show ကတော့ Metal ဘိုးအေကြီး Metallica နဲ့တွဲဖျော်ဖြေခဲ့ရတာပါ။၁၉၉၈ မှာတော့ Korn ကိုတစ်ကမ္ဘာလုံးသိသွားစေတဲ့ Follow The Leader ကိုဖြန့်ချီခဲ့ပါတယ်။ Got The Lifeနဲ့ Freak on a Leash သီချင်းတွေနဲ့ ပရိသတ်ပိုရခဲ့ပါတယ်။ Freak on a Leash MTV ဟာ ဂရမ်မီဆုတောင်ရခဲ့ပါသေတယ်။ဒီအယ်လ်ဘမ်ဟာ ပလက်တီနမ် သုံးထပ်ကွမ်းရခဲ့တဲ့ အယ်လ်ဘမ်လည်းဖြစ်ခဲ့ပါတယ်။၁၉၉၉ မှာ Issue Album ထွက်ခဲ့ပေမယ့် Follow The Leader လောက်ရောင်းမရခဲ့ပါဘူး။ ၂၀၀၂ခုနှစ်ရောက်တဲ့အခါမှာတော့ Untouchables ကို ငါးခွေမြောက်အနေနဲ့ထွက်ခဲ့ပါတယ်။၂၀၀၃ခုနှစ်မှာ See You on the other side၂၀၀၇ခုနှစ်မှာ Unplugged အယ်လ်ဘမ်ထွက်ခဲ့ပါတယ်။၂၀၀၈မှာတော့ Untitled အယ်လ်ဘမ်ထွက်ခဲ့ပါတယ်။ Korn ရဲ့အရင်member တွေကတော့ ဂစ်တာသမားနှစ်ယောက်ဖြစ်တဲ့ Jane "Munky" shafferနဲ့ Brian "Head" Welch ။ Bass သမားက Reginald " Fieldy" Arvizu ။ Drum က David Sliveria ပါ။အခုတော့ Headနဲ့David Silveria ထွက်သွားတော့ Recording drum ကို အဆိုတော် Jonathan David ကပဲတီးပြီး live မှာ Ray Luzier က ကူတီးပေးပါတယ်။Live Show တွေမှာ ဂစ်တာသမား Shane Gibson နဲ့ တို့က ကူပြီးတီးပေးကြပါတယ်//////////// ဒါတွေကကျနော် အလင်္ကာ ဂီတဂျာနယ်က ကူတင်ထားတာပါ။ KORn ကိုလုံးဝကြိုက်ပါတယ်။သူတို့က သူများတွေနဲ့ မတူတဲ့ အရသာကိုပေးပါတယ် ။ သူတို့ရဲ့သီချင်းတွေဟာ တခြားသူတွေရဲ့သီချင်းတွေနဲ့ ကွဲပြားနေတာကတော့အမှန်ပါပဲ။ ကျနော်သူတို့နဲ့စတွေ့တာကတော့ သူငယ်ချင်းတယောက်ယူခဲ့တဲ့ သူတို့ရဲ့ အယ်လ်ဘမ် See you on the other side ပါ ။ အဲ့ဒီအယ်လ်ဘမ်ထဲက Twisted Transistorသီချင်းက ကျနော့်ကိုစွဲဆောင်သွားပါတယ်။Hypocrites,Liar Tearjerker,Hvolution,Kiss,Blind အားလုံးနီးပါကို နားထောင်ဖြစ်ပါတယ်။အဲ့ဒါနဲ့ပဲကျနော်ဟာ ရဲ့ပရိသတ်ဖြစ်သွားပါတောတယ် ။စိတ်ညစ်တဲ့အခါ နားထောင်ဖြစ်တယ် စိတ်ကောင်းတဲ့အခါလည်းနားထောင်ဖြစ်ပါတယ်။ စိတ်ညစ်တဲ့အခါနားထောင်ဖြစ်ရင် သူတို့က တနေရာရာကိုခေါ်သွားသလိုခံစားရတယ်။ညဘက်အိပ်ရင်း Korn သီချင်းနားထောင်ရတာလောက် အရသာရှိတာမရှိလောက်ပါဘူး.................////


အင်တာနက် ဆက်သွယ်ရေးစနစ်သည် ကမ္ဘာတစ်ဝန်းမည်သည့်နေရာမှာ မဆို သတင်းအချက်အလက်များကို ရှာဖွေပေးနိုင်စွမ်းရှိသည်။အင်တာနက်ဆက်သွယ်ရေးတွင် ကွန်ပျူတာနှင့် တယ်လီဖုန်းတို့ လိုအပ်ခဲ့သည်။ယခုအခါတွင် တယ်လီဖုန်း မလိုအပ်တော့ဘဲကွန်ပျူတာနှင့်ပင် အင်တာနက်ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။တယ်လီဖုန်းမလိုဘဲ အင်တာနက်သုံးနိုင်ခြင်းမှာ Wireless Fidelityဟု ခေါ်သော Wi-Fi (၀ိုင်ဖိုင်)ဆက်သွယ်ရေးစနစ်ကြောင့်ဖြစ်သည်။
ဝိုင်ဖိုင်နောက်ခံ
ဝိုင်ဖိုင်သမိုင်းကြောင်းပြောလျှင် ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်တွင်းကာလကို ပြန်သွားရပါလိမ့်မည်။ထိုစဉ်က နာမည်ကျော်ကြားသော ရုပ်ရှင်မင်းသမီးချော ဟေဒီလမ်မားရ်( Hedy Lamarr)နှင့် တေးသီဖွဲ့သူ ဂျော့အန်သီယဲလ်( George Antheil)တို့သည် ရေဒီယိုဖရီကွင်စီကို လျှင်မြန်စွာ ပြောင်းလဲနိုင်သော နည်းတစ်ခုကို တီထွင်နိုင်ခဲ့ကြသည်။ရေဒီယိုဖရီကွင်စီမျာသည် ရန်သူတို့က ကြားဝင်ဖမ်းယူခြင်း၊ပိတ်ဆို့ခြင်း မပြုနိုင်လောက်အောင်မြန်ဆန်စွာ ပြောင်းလဲနေကြသည်။

မစ္စလမ်မားရ်နှင့် မစ္စတာ အန်သီယဲလ်တို့က ၄င်းတို့၏ ဆက်သွယ်ရေးနည်းသစ်သည် ရန်သူ့သင်္ဘောများကို နှစ်မြုပ်ပစ်မည့် ရေဒီယိုလမ်းညွှန်တပ်ဆင်ထားသည့် ရေအောက်မှလက်နက်များက ထောက်လှမ်းနိုင်ရန်ပို၍ ခက်ခဲလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။သူတို့နှစ်ဦးက အဆိုပါနည်းပညာကို အမေရိကန်ရေတပ်မတော်သို့ပေးအပ်ခဲ့ကြသည်။ရေတပ်မှ အရာရှိများကလည်း ဟေဒီနှင့်အန်သီယဲလ်တို့၏ စိတ်ကူးမှာ အလွန်အရေးကြီးကြောင်းယုံကြည်ခဲ့ကြပြီး အမျိုးသားလျှို့ဝှက်ချက်အဖြစ်စောက်ရှောက်ခဲ့ကြသည်။သို့ရာတွင် ရေတပ်အရာရှိများက ဟေဒီတို့၏ တီထွင်မှုမှာ အမှန်တကယ်အသုံးပြုရန် မလွယ်ကူဟု ယူဆခဲ့ကြသဖြင့် တစ်ကြိမ်တခါမျှ အသုံးမပြုခဲ့ကြချေ။
အမေရိကန်အစိုးရကမူ မစ္စလမ်မားရ်နှင့်မစ္စတာ အန်သီယဲလ်တို့အား ၄င်းတို့၏ တီထွင်မှုစိတ်ကူးအတွက် ဥပဒေနှင့်အညီ မူပိုင်ခွင့်ပေးခဲ့သည်။သူတို့စိတ်ကူးကို နောက်ပိုင်းတွင် ရောင်စဉ်ဖြာနည်းပညာ (spread spectrum technology)ဟုသိခဲ့ကြသည်။ယင်းစိတ်ကူးမှာ ၁၉၈၅ခုနှစ်အထိ လျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိခဲ့သည်။ပြီးခဲ့သည့် ခုနစ်နှစ်အတွင်းတွင်မူ စိတ်ကူးဟောင်းသည် အင်တာနက်ဆက်သွယ်ရေးအတွက် ခေတ်အမီဆုံးသော နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ ယင်းနည်းလမ်းကို ၀ိုင်ဖိုင်ဟုခေါ်သည်။
ဝိုင်ဖိုင်ဆိုသည်မှာ ကွန်ပျူတာများကြား ၀ါယာကြိုးများ မလိုအပ်ဘဲ ဆက်သွယ်ပေးနိုင်သောဆက်သွယ်ရေးနည်းပညာဖြစ်သည်။ကွန်ပျူတာနှစ်လုံး ၀ိုင်ဖိုင်စနစ်ဖြင့် ဆက်သွယ်ကြပုံကို တင်ပြရလျှင် ပထမကွန်ပျူတာတွင် အလွန်သေးငယ်ပြီး လျှပ်စစ်ဓါတ်သုံးစွဲမှုနည်းသော ရေဒီယိုလှိုင်းများလွှင့်နိုင်၊ဖမ်းယူနိုင်သည့် စက်အစိတ်အပိုင်းတစ်ခုပါဝင်သည်။ယင်းစက်ကလေးက ဒုတိယကွန်ပျူတာတွင် ရှိနေသည့် router ဟုခေါ်သော အသံလှိုင်းလွှင့်ထုတ်နိုင်သည့်စက်နှင့် ဆက်သွယ်လိုက်သည်။ဒုတိယကွန်ပျူတာမှာ အင်တာနက်ကို ဖုန်းလိုင်းအားဖြင့်ပင် ဆက်သွယ်ထားသည်။ကွန်ပျူတာနှစ်လုံးကြား အသံလှိုင်းများ လွှင့်ထုတ်လက်ခံခြင်းကို router ကလုပ်ဆောင်သည်။
ဝိုင်ဖိုင်စနစ်ဖြင့် ကွန်ပျူတာနှစ်လုံးကြားဆက်သွယ်နိုင်ရန် ပထမကွန်ပျူတာသည် router တပ်ဆက်ထားသော ဒုတိယကွန်ပျူတာနှင့်မီတာ အတော်များများ ကွာဝေးနေရမည်။Router များကို နေရာမရွေး တပ်ဆင်ထားနိုင်ပြီး routerများပါဝင်သော ကွန်ရက်တစ်ခုသည် အတော်အတန် ကြီးမားသော ဧရိယာတစ်ခုအတွင်းရှိ ကွန်ပျူတာများကို အချင်းချင်းဆက်သွယ်ပေးနိုင်သည်။ ထို့ကြောင့် လက်ဆွဲကွန်ပျူတာတစ်လုံးရှိသော လူတစ်ယောက်သည် router ရှိသော နေရာတိုင်းတွင် အင်တာနက်ကို အသုံးပြုနိုင်သည်။
ဝိုင်ဖိုင်စနစ်သည် မစ္စလမ်မားရ်နှင့် မစ္စတာ အန်သီယဲလ်တို့၏ တီထွင်ကြံဆချက်ကို သုံးနေရဆဲဖြစ်သည်။ဝိုင်ဖိုင်တွင် တစ်ချိန်တည်း ကြိမ်နှုန်းအများအပြားကို အသုံးပြုထားသဖြင့် ကြားဝင်နှောက်ယှက်မှုများကို ကာကွယ်ပေးပြီး ရှင်းလင်းသော ရေဒီယိုသင်္ကေတလှိုင်းများကိုသာ ထုတ်ပေးသည်။ကျွမ်းကျင်သူများက ကွန်ပျုတာ လောကတွင် ၀ိုင်ဖိုင်စနစ်သည် အမြန်ဆုံးတိုးတက်လာခဲ့သည်ဟု ဆိုကြသည်။
မကြားသေးမီက အင်တာနက်အသုံးပြုလိုလျှင် ကွန်ပျူတာနှင့် တယ်လီဖုန်းလိုင်းကို ချိတ်ဆက်ရသည်။ယခုအခါတွင်မူ ၀ိုင်ဖိုင်စနစ်ရှိမည်ဆိုလျှင် မည်သည့်နေရာတွင်မဆို အင်တာနက်ကို အသုံးပြုနိုင်ပြီဖြစ်သည်။ဝိုင်ဖိုင်ဆက်သွယ်ရေးစနစ်ကို အမေရိကန်ပြည်ထောင်စုရှိအဓိကလေဆိပ်တိုင်းတွင် အသုံးပြုနိုင်သည်။စီးပွားရေးလုပ်ငန်းရှင်များသည် လေယာဉ်စောင့်ဆိုင်းရင်း ၄င်းတို့၏ လက်ဆွဲကွန်ပျူတာများဖြင့်အင်တာနက်ကို အသုံးပျြုနိုင်သည်။စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ခရီးသွားရင်းမှာပင် ပေးပို့နိုင်၊လက်ခံနိုင်ကြသည်။အမေရိကန်လေဆိပ်များတွင် ယင်းဝန်ဆောင်မှုမှာအခမဲ့ဖြစ်သည်။ခရီးသွားများအနေဖြင့် မိမိတို့၏လက်ဆွဲကွန်ပျူတာများကို လေဆိပ်ထဲတွင်ဖွင့်လိုက်ပြီး ၀ိုင်ဖိုင်စနစ်ကို လှမ်းချိတ်လိုက်ရုံသာ ဖြစ်သည်။ခေတ်မီသော(နောက်ဆုံးပေါ်)လက်ဆွဲကွန်ပြုတာများသည် ကွန်ပျူတာဖွင့်လိုက်သည်နှင့် အနီးဆုံးဝိုင်ဖိုင်စနစ်ကို ချိတ်ပြီးဖြစ်နေသည်။ယင်းသို့ဝိုင်ဖိုင်နှင့်ချိတ်ဆက်ပြီးသည်နှင့်ကွန်ပျူတာက ၄င်းကိုအသုံးပြုသူ(ပိုင်ရှင်)အား ၀ိုင်ဖိုင်စနစ်ကို ချိတ်ဆက်ပြီးကြောင်းနှင့် လှိုင်းအားမည်မျှရှိကြောင်း သတင်းပေးပို့သည်။
ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီးဟိုတယ်တော်တော်များများတွင် ယခုအခါ ၀ိုင်ဖိုင်စနစ်များရှိနေပြီဖြစ်သည်။ဝိုင်ဖိုင်များကို ဟိုတယ်အခန်းများ သို့မဟုတ် အထူးသတ်မှတ်နေရာတွင်အသုံးပြုနိုင်သည်။ဟိုတယ်များက ၄င်းတို့၏ ဟိုတယ်တွင်လာရောက်တည်းခိုသူများအားဝန်ဆောင်မှုပေးသည့်အနေဖြင့် ၀ိုင်ဖိုင်ကို အသုံးပြုစေသည်။ဝိုင်ဖိုင်အသုံးပြုရန် ဧည့်သည်များအား ၄င်းတို့ကွန်ပျူတာအတွက် အထူးနံပါတ်များကို ပေးကြသည်။အခြားဟိုတယ်များကမူ ဟိုတယ်အတွင်းလက်ဆွဲကွန်ပျူတာရှိသော မည်သူမဆို အသုံးပြုနိုင်ရန် လှိုင်းအားကောင်းသော ၀ိုင်ဖိုင်စနစ်ကို တပ်ဆင်ပေးထားသည်။
ကွန်ပျူတာလောကမှာ ကျွမ်းကျင်သူများက အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော ဟိုတယ်၊မိုတယ်နှင့် စီးပွားရေးလုပ်ငန်းများသည် ၀ိုင်ဖိုင်ဆက်သွယ်ရေးကို ၄င်းတို့၏စီးပွားရေးမိတ်ဖက်များအား ၀န်ဆောင်မှုတစ်ရပ်အဖြစ် ပေးနေကြောင်း ပြောကြသည်။စီးပွားရေးလုပ်ငန်းရှင်များ၊စီးပွားရေးနှင့်ဆက်စပ်၍ ခရီးသွားသူများအတွက် ဆိုခဲ့ပါဝန်ဆောင်မှုမှာ အလွန်အရေးကြီးသည်။ယခုအခါကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းမြို့ကြီးတိုင်းတွင် ၀ိုင်ဖိုင်ဆက်သွယ်ရေးကို အသုံးပြုနေကြပြီးဖြစ်သည်။မြို့တော်ကြီး အများစုက အလွန်ကြီးမားသော ၀ိုင်ဖိုင်ဆက်သွယ်ရေးကွန်ယက်ကြီးတည်ဆောက်ကာ မြို့နေပြည်သူများအနေဖြင့် မြို့တစ်ခွင် မည်သည့်နေရာမှမဆို လက်ဆွဲကွန့်ပျူတာဖြင့် အင်တာနက်အသုံးပြုနိုင်စေရန် စီစဉ်လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာမြို့ကြီးတိုင်းတွင် ၀ိုင်ဖိုင်ဆက်သွယ်ရေးစနစ်ရှိပြီး သို့မဟုတ် မကြာမီရှိလာတော့မည်ဖြစ်သည်။အမေရိကန်မြို့ကြီးများဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကို ၊စိန့်လူဝီ၊မီဇူရီနှင့်ဝါရှင်တန်ဒီစီတို့အပါအ၀င် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်၊ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ထိုင်ဝမ်ကျွန်းတိုင်ပေမြို့တော်နှင့်အိန္ဒိယနိုင်ငံ၏ ပွန်း(Pune ) မြို့တို့တွင် ၀ိုင်ဖိုင်ဆက်သွယ်ရေးစနစ် များရှိနေပြီဖြစ်သည်။ဝိုင်ဖိုင်ဆက်သွယ်ရေးစနစ် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိသော မြို့ကြီးအတော်များများမှာ များပြားလွန်းလှပါသဖြင့် စာမျက်နှာကို ငဲ့သောအားဖြင့် မဖော်ပြတော့ပါ။
ဝိုင်ဖိုင်ချိတ်ဆက်ခြင်းကို အများပြည်သူများနှင့် သက်ဆိုင်သော နေရာများတွင် အခမဲ့အသုံးပြုနိုင်ကြသည်။မြို့ကြီးများနှင့်ပြည်သူ့စာကြည့်တိုက်များတွင် ၀ိုင်ဖိုင်စနစ်ကိုအသုံးပြုနိုင်သည်။အမေရိကန်ပြည်ထောင်စုရှိကော်ဖီဆိုင်နှင့် စားသောက်ဆိုင်အချို့တွင်ဝိုင်ဖိုင် ၀န်ဆောင်မှုကို အခမဲ့ပေးထားသည်။ယင်းသို့ အခမဲ့ဝန်ဆောင်မှုပေးထားသဖြင့်လည်း ၀င်ရောက်အသုံးပြုသူသည် တစ်ခုခုမှာစားတော့မည်၊ယုတ်စွအဆုံး ကော်ဖီတစ်ခွက်တော့ ၀ယ်သောက်မည်ဖြစ်သည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း နောက်ဆုံးပေါ်ခေတ်မီလက်ဆွဲကွန်ပြူတာများသည် စက်ဖွင့်လိုက်သည်နှင့် ၀ိုင်ဖိုင်စနစ်များဖြင့် ချက်ချင်း ဆက်သွယ်လိုက်ကြသည်။သို့ရာတွင် လက်ဆွဲကွန်ပျူတာဖွင့်ဤ အင်တာနက်အသုံးပြုရန် လုပ်ဆောင်ရင် သင်္ကေတလှိုင်းကြောင့်ပြသနာတစ်ခုခုဖြစ်လာပါက ၀န်ဆောင်မှုကုမ္ပဏီတို့က ကောင်းစွာချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် ကူညီကြမည် ဖြစ်သည်။စီးပွားရေးလုပ်ငန်းအများစုတွင် စီးပွားရေး မိတ်ဖက်များအတွက် ၀ိုင်ဖိုင်စနစ်ကို မည်သို့ ချိတ်ဆက်ရမည်ကို စာဖြင့်ရှင်းလင်းရေးသားထားပေးတတ်သည်။
ဝိုင်ဖိုင်ဆက်သွယ်ရေးစနစ် ထားပေးထားခြင်းဖြင့် မိမိတို့ထံ စီးပွားရေးလုပ်ငန်းရှင်များ သိပြီးဖြစ်သည်။ဝိုင်ဖိုင်စနစ်ကောင်းပါက လူများသည် ယင်းဆိုင်များတွင် အချိန်ကြာကြာနေတတ်၍ ငွေကိုလည်း ပိုမိုသုံးစွဲတတ်ကြသည်။ဥပမာအားဖြင့် ဟိုတယ်လုပ်ငန်းကိုကြည့်လျှင် ၀ိုင်ဖိုင်ဝန်ဆောင်မှုကို ကောင်းကောင်းပေးထားသော ဟိုတယ်များသည် စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်နေသော ခရီးသည်များကြားတွင် ထင်ရှားကျော်ကြားလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် ၀ိုင်ဖိုင်သည် အလွန်ထင်ရှားလာခဲ့သည်။ကွန်ပျူတာလောကမှ ကျွမ်းကျင်သူများ၏ အဆိုအရ ၂၀၀၄ ခုနှစ်အတွင်းဝိုင်ဖိုင်စနစ် ၆၄သန်းကျော်ရောင်းချခဲ့သည်။၂၀၀၂ခုနှစ်တွင် ၀ိုင်ဖိုင်စနစ်ပေါင်း ၂၄သန်းကျော်သာ ရောင်းချခဲ့ရသည်။အမေရိကန်ရှိ အိမ်ပေါင်း ၈.၅သန်းကျော်တွင် ၀ိုင်ဖိုင်စနစ်များ တပ်ဆင်ထားပြီး ၂၀၀၈ခုနှစ်အရောက်တွင် အိမ်ပေါင်း၂၈ သန်းအထိ တိုးလာလိမ့်မြည်ဟု ကျွမ်းကျင်သူများကပြောသည်။
ဝိုင်ဖိုင်စနစ်သည် ဈေးမကြီးပဲ အိမ်သုံးကွန်ပြူတာနှင့်လည်း အလွယ်တကူ ချိတ်ဆက်နိုင်သည်။ဝိုင်ဖိုင်တပ်ဆင်ပြီးပါက အိမ်ရှိ မိသားစုတိုင်းတွင် လက်ဆွဲကွန်ပြူတာကိုယ်စီဖြင့် မိမိတို့အခန်းတိုင်းတွင် အင်တာနက်ကို အသုံးပြုနိုင်ကြမည်ဖြစ်သည်။အိမ်သုံးကွန်ပြူတာကို တစ်ချိန်တည်းတွင် တစ်ဦးထက်ပို၍ အသုံးပြုနိုင်ခြင်းဖြစ်သည်။ဥပမာအားဖြင့် မိခင်က အိမ်သုံးကွန်ပြူတာဖြင့် ရုံးအလုပ်များကို လုပ်ဆောင်နေစဉ် သားငယ်က ၄င်း၏အပ်ခန်းအတွင်းလက်ဆွဲကွန်ပြူတာဖြင့် ကျောင်းမှ အိပ်စာများကို လုပ်နိုင်မည်ဖြစ်သည်။
ကွန်ပျူတာလောကမှ လေ့လာမှုများအရ အမေရိကန်အိမ်များတွင် ၀ိုင်ဖိုင်စနစ်ကို အသုံးပြုကြသူစုစုပေါင်း၏ ၇၇ ရာခိုင်နှုန်းမှာ ၄င်းတို့၏ ကွန်ပျူတာတွင် သီချင်းကူးယူနိုင်သော စက်မျိုးစသည့် စက်အစိတ်အပိုင်းများကို တပ်ဆင်လိုကြောင်း သိရသည်။ကျွမ်းကျင်သူများက၀ိုင်ဖိုင်နည်းပညာသည် ကွန်ပျူတာနှင့် အင်တာနက်အသုံးပြုသူများ၏ အသုံးပြုပုံနည်းလမ်းနှင့် အသုံးပြုချိတ်တို့ကိုပါ ပြောင်းလဲစေသည်ဟု ပြောကြသည်။
ဥပမာအားဖြင့် လက်ဆွဲကွန်ပြူတာဖြင့် ၀ိုင်ဖိုင်ချိတ်ဆက်ပြီး အသုံးပြုသူများသည် မိမိတို့အိမ်မှာပင် ရုံးအလုပ်များလုပ်နေရင်း အခွန်အခနှင့်ပေးဆောင်စရာရှိသည်ကိုလည်း ပေးဆောင်နိုင်ကြသည်။မီးဖိုခန်းထဲတွင် ချက်ရင်းပြုတ်ရင်း အင်တာနက်မှ ချက်နည်းပြုတ်နည်းလမ်းညွန်ချက်များကို ကြည့်ရှုတတ်ကြသည်။ဧည့်ခန်းထဲ ညဥ့်နက်သန်းကောင်မှာပင် လက်ဆွဲကွန်ြ့ပူတာဖြင့် ရုပ်ရှင်ဇာတ်ကား ကြည့်ကြ့သည်။အနာဂတ်တွင် ၀ိုင်ဖိုင်နည်းပညာအသုံးပြုမှုမှာ ပိုမိုများပြားလာဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းသောဝိုင်ဖိုင်နည်းပညာကို အသုံးပြုစဉ်တွင် သုံးစွဲသူများအနေဖြင့် လုံခြုံရေးကို အလွန်ဂရုစိုက်သင့်ပါကြောင်း ကွန်ပြူတာလောကမှ ကျွမ်းကျင်သူများက သတိပေးထားသည်။စိတ်ချရသော လုံခြုံရေးအခြေအနေမရှိဘဲ အရေးကြီးသော သို့မဟုတ် လျှို့ဝှက်ချက်ဖြစ်သောစီးပွားရေးသတင်းအချက်အလက်များကို မပို့သင့်ဟု ကျွမ်းကျင်သူများက ပြောသည်။ဝိုင်ဖိုင်ဝန်ဆောင်မှုကိုပေးသော အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများသည် သတင်းအချက်အလက်လုံခြုံရေးကိုမူအာမခံမပေးနိုင်ကြပေ။လုံခြုံရေးစနစ် မရှိသော ကွန်ပျုတာမှ ပေးပို့သည့် သို့မဟုတ် လက်ခံသည့် သတင်းအချက်အလက်များကို မည်သူမဆို ကူးယူနိုင်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြပြောဆိုခဲ့သည်။
ဝိုင်ဖိုင်စနစ်ကို ပြည်သူများအလွယ်တကူရှာဖွေတွေ့ရှိအသုံးပြုနိုင်ကြရန် ၀ိုင်ဖိုင်ဝန်ဆောင်မှု ပေးသော ဆိုင်များ သို့မဟုတ် စီးပွားရေးနေရာဌာနများက လုံခြုံရေးနည်းပညာကို မထားဘဲ ပိတ်ထားကြသည်။ကွန်ပျူတာလုံခြုံရေးစနစ်မရှိသော အများပြည်သူသုံး ၀ိုင်ဖိုင်စနစ်တွင် အရေကြီးသော သတင်းအချက်အလက်များကို မည်သည့်အခါမှ ပို့လည်းမပို့နှင့်၊လက်လည်းမခံနှင့်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
ဝိုင်ဖိုင်ကြောင့်လက်ဆွဲကွန်ပျူတာရောင်းအားလည်းမြင့်တက်ခဲ့သည်ဟု ကွန်ပျူတာလောကမှ ကျွမ်းကျင်သူများကပြောသည်။ဝိုင်ဖိုင်စနစ်ကို ဆက်သွယ်နိုင်သော လက်ဆွဲကွန်ပျူတာရောင်းအားသည် အမေရိကန်ပြည်ထောင်စုရှိ ကွန်ပျူတာအသစ် ရောင်းအားစုစုပေါင်း၏ ၃၁ရာခိုင်နှုန်းကျော်ရှိသည်။ဝိုင်ဖိုင်စနစ်အတွက် ပစ္စည်းများလည်း ရောင်းကောင်းလျက်ရှိသည်။ရောင်းကောင်းခြင်းမှာ မော်ဒယ်ဟောင်း ကွန်ပျူတာများတွင်လည်း ယင်းစနစ်ကို အသုံးပြုနိုင်ပြီး ဈေးနှုန်းလည်း ကျဆင်းလာသည့်အတွက်ဖြစ်သည်။
ကွန်ပျူတာလောကတွင် ၀ိုင်ဖိုင်ဆက်သွယ်ရေးစနစ်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နေသေြာေ့ကာင့် ၀ိုင်ဖိုင်နည်းပညာမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ကွန်ပျူတာကျွမ်းကျင်သူများက ပြောသည်။များမကြာမီကာလအတွင်းတွင် ၀ိုင်ဖိုင်ချိတ်ဆက်နိုင်သောလက်ဆွဲကွန်ပျူတာများကြောင့် နိစ္စဓူဝဘ၀၌အင်တာနက်သည် မသုံး၍မဖြစ်သော အနေအထားမျိုးရောက်လာလိမ့်မည်ဟု ကျွမ်းကျင်သူတို့က ပြောသည်။

VOA အသံလွင့်ဆောင်းပါးပါ Paul Thompson ၏Wireless Internet Connection ဆောင်းပါးကို သီတာထူးစိမ့် မြန်မာပြန်ဆိုပါသည်။

မှတ်ချက် ။ ။ USA လင်းရောင်ခြည်မဂ္ဂဇင်းမှ ကူယူဖော်ပြပါသည်။





အဖေ

အဖေ

SAVE OUR EARTH

SAVE OUR EARTH

Followers

Comments

ဧည့်သည်တော်မှတ်တမ်း