ကျနော်တို့တွေ Indivitual ၅ ရက်ဆင်းပြီးတဲ့ညနေမှာ (Seminar) စာတန်းဖတ်ပွဲလုပ်ရပါတယ်..ကျနော်တို့ရဲ့ Field ခရီးစဉ်ကဒီနေ့မှာပြီးပြီလေ..အဲ့ဒီနေ့မှာပါမောက္ခရောက်လာပါတယ် .. သူအရှေ့မှာဖတ်ရတာပါ .. ကျနော်တို့Field ဆင်းခဲ့ရတဲ့ Area အကြောင်းကိုဖတ်ရပါတယ် .. ပါမောက္ခကတော့သူမေးချင်ရာမေးပေါ့ဗျာ .. ပြီးရင်တော့ အဲ့ဒီညမှာပဲ Camp Fire လုပ်ကြပါတယ် ..နောက်နေ့မနက်မှာ ဒီရေချမ်းစဉ်ရွာလေးကို နှုတ်ဆက်ကြရပါတော့မယ် .. Camp Fire မှာကျနော်တို့ကတေးထားတာ အမူးအကွဲချကြမယ်ပေါ့ ..အရက်ကိုပြောတာ ..Geology နဲ့အရက်နဲ့က ခွဲလို့မှမရတာ .. အဲ့ဒီအစီအစဉ်ကလုံးဝကိုပျက်သွားတယ် .. ကျနော်တို့ ဒုတိယနှစ် ဘီလူးကျွန်းမှာ ဆင်းရတုန်းကချရတယ်.. Camp Fire မှာပါပဲ..အခုတော့ ပါမောက္ခက မပေးသောက်ဘူးဗျာ.. ကြည့်ပါတော့ .. အဲ့..ပြောရအုံးမယ် ..ခုမော်လမြိုက်တက္ကသိုလ် ဘူမိဗေဒပါမောက္ခက အပျိုကြီးဗျ..အဲ့ဒါကြောင့်မပေးသောက်တာ..အရင်ဆုံးသွားတဲ့ပါမောက္ခက ယောင်္ကျားဗျ..အဲ့ဒီဆရာကြီး( ဦးသန်းနိုင်) ကတော့လုံးဝနားလည်ပေးတယ် ..ကျနော်တို့အားလုံးသူ့ကိုချစ်ကြတယ် ..Camp Fire ညမှာသူကိုကျနော်တို့အားလုံး သတိရကြတယ် .. ခုဒီအပျိုကြီးကြတော့ဘာမှနားလည်မှုကိုမရှိဘူး..သိတဲ့အတိုင်းပဲလေ..အပျိုကြီးတွေက ဇီဇာကြောင်တယ်..ကျနော်တို့အားလုံး ဒီပါမောက္ခကိုလုံးဝကို ကြည့်လိုမရဘူးဗျာ ..လုံးဝကိုပေးမသောက်ဘူး .. အဲ့ဒါကြောင့်ကျနော်တို့တွေခိုးပြီးသောက်ကြရတယ် .. Camp Fire လုပ်တာက ရေချမ်းစဉ်ရွာရဲ့ သူကြီးအိမ်မှာပါ ..သူတို့ရွာမှာခုထိသူကြီးရှိတုန်းပဲနော် .. ဆက်ပြောအုံးမယ် ..အရက်ပေးမသောက်တော့ သူကြီးအိမ်မလှမ်းမကန်းက အရက်ဆိုင်မှာအရက်တွေခိုးဝယ်ကြတယ် .. အဲ့ဒီအရက်ဆိုင်မှာကလည်း Grand Royal Whisky ကမရှိဘူးဗျ..သူတို့မှာသောက်တာက Mandalay Rum ..ဒါကြောင့်ရတာပဲချကြရတာပေါ့ဗျာ .. သောက်ရတဲ့နေရာကကြည့်အုံး ..သူကြီးအိမ်ရဲ့ အိမ်သာထဲမှာ .. အဲ့ဒီညအိမ်သာတက်တဲ့လူအတော်များတယ်ဗျ..အဲ့ဒီညမှာ ကြက်သားဟင်းရယ် အသီးအရွက်ကြော်တွေရယ်ချက်ပြီးစားကြတယ် .. Camp Fire လုပ်ကြတော့ သူကြီးအိမ်ရှေ့ကားလမ်းဘေးမှာပဲလုပ်ကြပါတယ် ..မီးပုံဖိုပြီးတော့ ဂစ်တာတွေတီကြတယ်..သီချင်းတွေဆိုကြတယ် ..ပါဆယ်ဂိမ်းတွေဆော့ကြတယ် .. ရွာထဲက ရွာသားတွေ ကလေးတွေ လည်းလာကြည့်ကြတယ် .. အဲ့မှာတခုပြောချင်တာက အဲ့ဒီရွာကလူတွေက ည၉နာရီဆို အားလုံးအိမ်ထဲဝင်ကြတာပါပဲ.. ကျနော်တို့ပါဆယ်ဂိမ်းကစားနေတုန်း ၉နာရီထိုးတော့ သူတို့အားလုံးအိမ်ပြန်ကြတော့တာပဲ ...လာကြည့်ကြတဲ့သူတွေအားလုံးဗျ.. ကျနော်တို့လည်းသီချင်တွေဆိုလိုက် အရက်ခိုးသောက်လိုက်နဲ့ တညလုံးပါပဲ..ဘယ်အချိန်အိပ်လို့အိပ်သွားမှန်းတောင်မသိလိုက်ရပါဘူးဗျာ.........//


ကျနော်ငယ်ငယ်က ပန်းချီသင်တန်းမှာ ဆွဲခဲ့ရတဲ့အပုံပါ..ဟိုးအရင်က ဆွဲခဲ့တဲ့အပုံတွေကို ပြန်ရှာပြီး ပြန်ကူးဆွဲကြည့်တာပါ ...




.........................................ချောင်းထဲကကျောက်တုံးတွေ............................



ဒီနေ့တော့ကျားမျိုချောင်းနားက ရွာအထိရောက်တယ်.. ချောင်းဘေးနားက ကမ်းပါးတွေပြိုနေတာကိုတွေ့ခဲ့ရတယ် ..အဲ့ဒီကမြေတွေကပွတာကိုး ..ကျနော်တို့တွေစင်္ကြာတောင်ဘက်ကိုလည်းတက်ခဲ့ကြတယ်...





ဒီနေ့တော့ လမ်းမှားဖို့မရှိတော့ပါဘူး ..ဆရာတွေကသွားရမယ့်လမ်းကိုသေချာပြောပြလိုက်ပါတယ်... ချောင်းကိုကန့်လန့်ဖြတ်ရမယ်တဲ့...အဆင်ပြေပါတယ် ..မပြေတာက မိုးတွေရွာနေတာပါပဲ ..မိုးကရွာတော့စိပ့်ပြီးချမ်းနေတာပေါ့.. မိုးကာတွေမပါတော့ အခက်တွေ့ပါတယ်.. Camp ထဲကနေ တောင်အောက်ကရွာကိုသွားပြီး ခမောက်လေးဘာလေးရမလားဆင်းရှာကြတာပေါ့.. တွေ့ပါတယ် ...ခမောက်တွေ၎လုံးလောက် ... ခမောက်ရတော့နောက်တခုလိုသေးတယ် ..အရက် .. မိုးကအရမ်းရွာတော့ ချမ်းတာပေါ့ဗျာ..ဟားဟား ..ဘာရယ်တော့မဟုတ်ပါဘူး ..အချမ်းပြေပေါ့.. ဒီနေ့တော့လမ်းမမှားတော့ပါဘူး ..
ရည်ရွယ်ထားတဲ့ Point ကိုရောက်ပါတယ် ....

...................................................................ချောင်းထဲမှာ................................................



.......................................ဒီလိုဆင်ကြရပါတယ်........................................................

.............................................................ကျားမျိုချောင်းတနေရာ................................................
ညကMeeting မှာမဲနှိုက်တော့ ကျနော်တို့အဖွဲက စင်္ကြာတောင်ဘက်ကိုကျပါတယ် .. အဲ့ဒီဖက်ကို အဖွဲ့ နှစ်ဖွဲ့ကျပါတယ်.. စင်္ကြာတောင်ဘက်ကိုကျတော့ ကျနော်တို့တွေပျော်နေကြပါတယ် ..ဘာလို့လည်းဆိုတော့ အဲ့မှာ ကျောက်နှစ်မျိုးပဲရှိလို့ပါ .. သက်သာတာပေါ့ဗျာ .. အဲ့ဒီဘက်ကို ၅ရက်ဆင်းကြရပါတယ် .. ပထမရက်မှာပဲ ကျနော်တို့တွေရွာလည်တော့တာပဲ ... မြေပုံအကြည့်မှားတာပါ ... ကျနော်တို့တွေ အဲ့မှာရှိတဲ့ ကျားမျိုချောင်းကိုဖြတ်ပြီးသွားရမယ့်အစား ချောင်းတလျောက် ဆင်းသွားတဲ့အတွက် လိုချင်တဲ့နေရာကိုမရောက်ပဲ ချောင်းထဲမှာပဲရွာလည်နေတာ.. ကျားမျိုချောင်းက စောက်နက်တယ် .. ချောင်းကပါးက အမြင့်ကြီးဗျ .. ဆင်းမယ့်လမ်းက မတ်တယ် ..မိုးရွာထားလို့ အရမ်းချောနေတယ် .. အဲ့ဒီကမြေတွေက ရေထိရင် ကပ်စီးကပ်စီး ဖြစ်သွားတယ်ဗျ .. အဲ့ဒါချောင်းထဲကို ကြိုးနဲ့တွယ်ပြီးတော့ဆင်းကြရတယ်.. ချောင်းထဲမှာတော့ ရေကမရှိသလောက်ပါပဲ .. အဲ့ဒီမှာပဲ ကျနော်တို့တွေLeader စကားများကြတော့တာပါပဲ ..ချောင်းကိုကန့်လန့်ဖြတ်ရမယ့်အစား ချောင်းအတိုင်း ဆက်ဆင်းတဲ့အတွက် လမ်းကြောင်းတွေမှားကုန်ပါတယ် .. TraverseLine တွေ မှားကုန်ပါတယ် .. လိုချင်တဲ့ Point ကိုမရောက်တဲ့အတွက် မြေပုံထုတ်ရင်မှားကုန်ပါတယ် .. အဲ့ဒီချောင်းထဲမှာပဲ တနေကုန်ပါတယ် .. အဲ့မှာဘဲထမင်းစားပြီးခဏနားတယ်.. ခဏနေကြတော့ မိုးကအုပ်လာပြီ .. အပေါ်ကိုပြန်တက်ဖို့လမ်းရှာကြပါတယ် ..လမ်းကမတွေဘူးဗျ.. ရှေ့ဆက်သွားပြီးထပ်ရှာကြတယ် .. အဲ့ဒီမှာပဲ မိုးကရွာချလာပြီ..ချောင်းထဲကိုဆင်းတဲ့မြောင်းလေးတွေကနေ ရေတွေဆင်းလာတယ်.. ၅မိနစ်အတွင်းမှာပဲ ရေကဒူးခေါင်းလောက်ရောက်လာတယ် .. ချောင်းနာမည်လည်းကြည့်ပါအုံး ..ကျားမျိုချောင်းတဲ့ ..ကြက်သီးတောင်ထတယ် .. ရေကတလဟောဆင်းနေပြီ..ကံကောင်းစွာနဲ့ပဲ ကျနော်တို့တွေရေဆင်းတဲ့မြောင်းလေးကိုသွားတွေ့တယ် .. အဲ့ဒီကနေပဲတက်ကြတာပေါ့.. ရေကဆင်းလိုက် မြေကြီးကချောနေလိုက်နဲ့ ခက်ခက်ခဲခဲတက်ခဲ့ကြရပါတယ် .. တကိုယ်လုံးလည်းဗွက်တွေပေလို့.. ဒီလိုနဲ့ပဲ Camp ထဲကိုပြန်လာရတော့တာပါပဲ........//

အဖေ

အဖေ

SAVE OUR EARTH

SAVE OUR EARTH

Followers

Comments

ဧည့်သည်တော်မှတ်တမ်း