ရန်ကုန်- မော်လမြိုင် ကားလမ်းဘေးကရှုခင်းလေးပါ ....ရန်ကုန်က အပြန်ဒီရှုခင်းလေးကို စိတ်ထဲမှာစွဲနေတာနဲ့ ဆွဲဖြစ်သွားတာ ... စုတ်တံ မကိုင်တာ ၉နှစ်ရှိပြီ ... ခုဆွဲချင်တဲ့စိတ်ပေါက်လာတာနဲ့ ဆွဲဖြစ်သွားတာပါ ......

ဒီနေ့ကျနော့်စိတ်တွေအရမ်းပျော်ရွင်နေတယ်..မနေ့ကတော့ စိတ်မကောင်းစရာနဲ့ကြုံခဲ့ရတယ်... ခွေးကလေးတွေ..ကျနော်တို့ဈေးရဲ့ ဘေးက ရုံးဝင်ထဲမှာ ခွေးကလေးတွေ မွေးထားတာ ..ခါတိုင်းနေ့တွေကတော့ ကျနော်ကအမှုမဲ့ အမှတ်မဲ့ ပေါ့.. မနေ့ကကျနော် ဈေးကအပြန်မှာ အဲ့ဒီရုံးဝင်းထဲကနေ ဖြတ်ပြန်တယ် ..ကျနော့်ဆိုင်ကယ်က အဲ့ရူံးဝင်းထဲမှာထားတာကိုး.. ဆိုင်ကယ်ပေါ်ကိုတက်ဖို့ ထမင်းချိုက်ကို ဆိုင်ကယ်ဘေးမှာချထားတဲ့အချိန် ...ခွေးကလေး သုံးကောင်လောက်က ထမင်းချိုက်ဘေးမှာ ရစ်သီရစ်သီလာလုပ်နေတယ် .. ဘာလို့လည်းကြည့်လိုက်တော့ ...သြ..ကျနော့်ထမင်းချိုက် ကဟင်းအနံ့ ကိုရလို့ကိုး ... ဘေးနားမှာကြည့်လိုက်တော့ ခွေးကလေးတွေက ၅ကောင် သူတို့အမေခွေးမကြီး ..အမေခွေးမကြီးက လည်း ပိန် ..ခွေးကလေးတွေကလည်းပိန်လို့.. သူတို့အားလုံး ကျနော့်ထမင်းချိုက်ကိုပဲ ကြည့်နေကြတယ် ... ကျနော်သနားသွားတယ် ... ကျနော့်ထမင်းချိုက်ကိုကြည့်ပြန်တော့ ထမင်းကျန် ဟင်းကျန်ကလည်းမရှိတော့ ... ကျနော့်စိတ်ထဲမှာ ကတော့သူတို့ကိုအစာအရမ်းကျွေးချင်နေတယ် ... ဒါပေမယ့်အခွင့်အရေးမရခဲ့ပါဘူး ...ဒါနဲ့ပဲ ၀မ်းနည်းစွာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ် .. ဒီနေ့မနက် ဈေးကိုရောက်ပြန်တော့ ကျနော့်အမေကို ခွေးကလေးတွေအကြောင်းပြောပြတတ် ...အမေကပြန်ပြောပြတယ် .. ဟိုတနေ့ကလည်း ရုံးဝင်းထဲက လူကြီးတယောက် အမှိုက်ပုံး စွဲသွားတာကို အနောက်ကလိုက်သွားတယ်တဲ့ ... အစာ စားချင်လို့နေမှာပေါ့တဲ့ ...ကြည့်နေရင်းကနေ ကားလမ်းမပေါ်ထိပါလိုက်သွားကြတယ်တဲ့ ...လမ်းအလယ်ထိရောက်သွားတယ် .. ကျနော့်အမေတောင် စိတ်ပူသွားတယ် ...ကားတွေ ဆိုင်ကယ်တွေ အတိုက်ခံရတော့ မှာပဲလို့ ...နောက်တော့ရုံးဝင်းထဲကို ပြန်ဝင်လာတယ်တဲ့ ..ကျနော့်အမေကအဲ့လိုပြောတော့ ကျနော် စိတ်မကောင်းဖြစ်သွားတယ် ... ဒီနေ့တော့ ကျနော်သူတို့တွေကို အစားကျွေးမယ်လို့ဆုံးဖြတ်လိုက်တယ် ... ဒီနေ့မှ မဟုတ်ပါဘူး ..နောက်နေ့တွေလည်းကျွေးဖြစ်မှာပါ ...ကျနော့်တို့ စားပြီးသား ထမင်းအကျန်တွေ အရိုးအရင်းလေးတွေ ကျနော်စုထားတယ် ..ဈေးထဲကထမင်းဆိုင်မှာ ထမင်း ၂၀၀ တန်  ၂ထုပ် ၀ယ်လိုက်တယ် ... ထမင်းထုပ်ထဲမှာ ဟင်းရည်လေးနဲနဲပါးပါး ပါစမ်းခိုင်းလိုက်တယ် ... ဒီနေ့နေ့လည် အိမ်ပြန်တော့ မိုးတွေအရမ်းရွာတယ် .. ခွေးကလေးတွေကိုအစားကျွေးဖို့ ရုံးဝင်းထဲသွားတော့ မိုးတွေကကြီးတော့ ခွေးကလေးတွေဘယ်ပျောက်လို့ပျောက်မှန်းမသိ .. အဲ့ဒါနဲ့မိုးရွားထဲမှာ " ပြွတ် " ပြွတ်" ပြွတ်" နဲ့လိုက်ခေါ်ရတယ် ... ခွေးကလေးတွေက ဘေးက ဂိုဒေါင်အောက်ထဲမှာ နှပ်နေကြတာကို ... ကျနော့်ခေါ်သံကြားတော့ ပြေးထွက်လာကြတယ် .. သူတို့တွေထမင်းအရမ်းစာနေကြတဲ့ပုံပဲ .. သူတို့အမေခွေးမကြီးကတော့ကျနော့်ကို ကြည့်ပြီ့းကြောက်နေတဲ့ပုံပဲ .. ခွေးကလေးတွေကို ကျနော်ယူလာတဲ့ထမင်းတွေကို မျှပြီ့းကျွေးလိုက်တယ် ...ခွေးအမေကြီးကိုရော ..သူတို့တွေအလုအရက်စားနေလိုက်ကြတာ ...ကျနော်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး စိတ်ထဲမှာ သနားလည်းသနားမိတယ် ..ပျော်လည်းပျော်တယ် .. နောက်နေ့တွေ မှာတော့ ပျော်ရွင်မှုတွေပဲရရှိမယ်လို့ ထင်တာပဲ ...ဘာလို့လည်းဆိုတော့ နောက်နေ့နောက်နေ့တွေမှာလည်း ကျနော်ခွေးကလေးတွေကို အစာဆက်ကျွေးမယ်လို့ ဆုံးဖြတ်ထားလို့ပါပဲ .............// ( ခွေးကလေးတွေကိုအရမ်းချစ်တဲ့ ကျနော့်မမလည်း ဒီ post ကိုဖတ်ပြီး အရမ်းပျော်ရွင်နေမယ်လို့ထင်ပါတယ် :)



ကျဆုံးသွားခဲ့ကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများ
အား ဦးညွှတ်အလေးပြုပါသည်
သီချင်း - အလေးပြုပါသည်(မေလှမြိုင်)
သီချင်း -
လွတ်လပ်ရေး မီးရှုးတန်ဆောင် ( ကိုမြကြီး )

အဖေ

အဖေ

SAVE OUR EARTH

SAVE OUR EARTH

Followers

Comments

ဧည့်သည်တော်မှတ်တမ်း