Korn ဆိုတာ NU Metal လောကကို တစ်ခေတ်ပြောင်းခဲ့တဲ့ Band တစ်ခုပါ။Blind
သီချင်းနဲ့တွဲပြီး သိတဲ့လူတွေရှိသလို Munky နဲ့ Headရဲ့ 7th strings
ဂစ်တာ Performanceကြောင့်သတိထားခဲ့သူတွေလည်းရှိမှာပါ။Bass သမားFieldyရဲ့
Hip Hop Fashion နဲ့ Metal တီးတဲ့ဟန်ကလည်း Korn ရဲ့ trademark တစ်ခုပါ။
Jonathan Davidရဲ့ mice standနဲ့ ငိုမလို ရယ်မလို Vocal သံကလည်း Korn
ကိုတစ်မျိုး ကွဲထွက်စေခဲ့ပါတယ်။
    Korn ဆိုတဲ့အဖွဲ့ ဖြစ်လာဖို့စခဲ့တာကတော့ L.A.P.Dကနေ Creep ဆိုတဲ့
band။ Creep ဆိုတဲ့Band မှာ ပထမ Coreyကဆိုသမား၊နောက်ပိုင်းမှာတွဲရတာ အဆင်မပြေလို့ Corey ကို ထုတ်လိုက်ပြီး Jonathan David ဆိုတဲ့ လူကြောက်တတ်တဲ့ငနဲတစ်ကောင်ကို ဆွဲခေါ်ခဲ့ပါတယ်။ဒီငနဲက လူသာကြောက်တတ်တာ Creep ဆိုတဲ့ Band နာမည်အောက်မှာ မဆိုချင်ပြန်ဘူးတဲ့။အဲ့ဒါနဲ့ ၁၉၉၆ မှာ Korn ဆိုပြီးစဖွဲ့ဖြစ်လာတယ်။သူတို့ရဲ့ Neidermeyer's Mind ဆိုတဲ့ demo ခွေကို Producer ကြီး Ross Robinsonနဲ့တွဲပြီးစထုတ်ခဲ့ကြတယ်။အဲ့ဒီတုန်းက Korn ကတော့ ၁၉၉၀ မျိုးဆက် Rock ပုံစံလိုလို၊Grunge လိုလိုဖြစ်နေခဲ့ပါတယ်။၁၉၉၄၊အောက်တိုဘာ၁၁ရက်နေ့မှာ Blind သီချင်းပါတဲ့ Once Korn ကိုထုတ်ခဲ့ကြပါတယ်။အဲ့ဒီမှာ Korn ဆိုတဲ့ဂီတ၀ိုင်းသစ်တ၀ိုင်းဟာ နိုင်ငံတကာဂီတလမ်းကြောင်းထဲ ကခုန်ပေါက်ဝင်လာပါတော့တယ်။ Korn တွေရဲ့ ပထမဆုံး နယ်လှည့် Show ကတော့Marilyn Manson တို့၊death metal band  ဖြစ်တဲ့ Danzigတို့ရဲ့ ရှေ့ထွက်အနေနဲ့တီးခဲ့ရပါတယ်။သူတို့ရဲ့ ဒုတိယအယ်လ်ဘမ်ကို Producer Robinson နဲ့ပဲ၁၉၉၆ အောက်တိုဘာ ၁၅ မှာထုတ်ခဲ့ပါတယ်။ Life Is Peachy ဆိုတဲ့အယ်လ်ဘမ်ပါ။အဲ့ဒီအယ်လ်ဘမ်ရဲ့ producer အနေနဲ့ show တစ်ခုတီးရပါကအဲ့ဒီ show ကတော့ Metal ဘိုးအေကြီး Metallica နဲ့တွဲဖျော်ဖြေခဲ့ရတာပါ။၁၉၉၈ မှာတော့ Korn ကိုတစ်ကမ္ဘာလုံးသိသွားစေတဲ့ Follow The Leader ကိုဖြန့်ချီခဲ့ပါတယ်။ Got The Lifeနဲ့ Freak on a Leash သီချင်းတွေနဲ့ ပရိသတ်ပိုရခဲ့ပါတယ်။ Freak on a Leash MTV ဟာ ဂရမ်မီဆုတောင်ရခဲ့ပါသေတယ်။ဒီအယ်လ်ဘမ်ဟာ ပလက်တီနမ် သုံးထပ်ကွမ်းရခဲ့တဲ့ အယ်လ်ဘမ်လည်းဖြစ်ခဲ့ပါတယ်။၁၉၉၉ မှာ Issue Album ထွက်ခဲ့ပေမယ့် Follow The Leader လောက်ရောင်းမရခဲ့ပါဘူး။ ၂၀၀၂ခုနှစ်ရောက်တဲ့အခါမှာတော့ Untouchables ကို ငါးခွေမြောက်အနေနဲ့ထွက်ခဲ့ပါတယ်။၂၀၀၃ခုနှစ်မှာ See You on the other side၂၀၀၇ခုနှစ်မှာ Unplugged အယ်လ်ဘမ်ထွက်ခဲ့ပါတယ်။၂၀၀၈မှာတော့ Untitled အယ်လ်ဘမ်ထွက်ခဲ့ပါတယ်။ Korn ရဲ့အရင်member တွေကတော့ ဂစ်တာသမားနှစ်ယောက်ဖြစ်တဲ့ Jane "Munky" shafferနဲ့ Brian "Head" Welch ။ Bass သမားက Reginald " Fieldy" Arvizu ။ Drum က David Sliveria ပါ။အခုတော့ Headနဲ့David Silveria ထွက်သွားတော့ Recording drum ကို အဆိုတော် Jonathan David ကပဲတီးပြီး live မှာ Ray Luzier က ကူတီးပေးပါတယ်။Live Show တွေမှာ ဂစ်တာသမား Shane Gibson နဲ့ တို့က ကူပြီးတီးပေးကြပါတယ်//////////// ဒါတွေကကျနော် အလင်္ကာ ဂီတဂျာနယ်က ကူတင်ထားတာပါ။ KORn ကိုလုံးဝကြိုက်ပါတယ်။သူတို့က သူများတွေနဲ့ မတူတဲ့ အရသာကိုပေးပါတယ် ။ သူတို့ရဲ့သီချင်းတွေဟာ တခြားသူတွေရဲ့သီချင်းတွေနဲ့ ကွဲပြားနေတာကတော့အမှန်ပါပဲ။ ကျနော်သူတို့နဲ့စတွေ့တာကတော့ သူငယ်ချင်းတယောက်ယူခဲ့တဲ့ သူတို့ရဲ့ အယ်လ်ဘမ် See you on the other side ပါ ။ အဲ့ဒီအယ်လ်ဘမ်ထဲက Twisted Transistorသီချင်းက ကျနော့်ကိုစွဲဆောင်သွားပါတယ်။Hypocrites,Liar Tearjerker,Hvolution,Kiss,Blind အားလုံးနီးပါကို နားထောင်ဖြစ်ပါတယ်။အဲ့ဒါနဲ့ပဲကျနော်ဟာ ရဲ့ပရိသတ်ဖြစ်သွားပါတောတယ် ။စိတ်ညစ်တဲ့အခါ နားထောင်ဖြစ်တယ် စိတ်ကောင်းတဲ့အခါလည်းနားထောင်ဖြစ်ပါတယ်။ စိတ်ညစ်တဲ့အခါနားထောင်ဖြစ်ရင် သူတို့က တနေရာရာကိုခေါ်သွားသလိုခံစားရတယ်။ညဘက်အိပ်ရင်း Korn သီချင်းနားထောင်ရတာလောက် အရသာရှိတာမရှိလောက်ပါဘူး.................////


1 comments:

Danzig is not Death Metal, they are just an ordinary Heavy Metal band. Marilyn Manson and Korn are not Metal, too. Just saying.

အဖေ

အဖေ

SAVE OUR EARTH

SAVE OUR EARTH

Followers

Comments

ဧည့်သည်တော်မှတ်တမ်း