...................................................Fieldမဆင်းခင် အမှတ်တရ......

....................................ရွာက ကလေးတွေပါ.............





................စပါးခင်းထဲမှာ........
......လမ်းက တောင်သူတွေရဲ့စိုက်ခင်းထဲမှာ ၀င်ရိုက်ထားတာပါ......
၂၃/၁၀/၀၅ ကျနော်တို့ရေချမ်စဉ်campကနေ မနက် ၇ နာရီမှာစထွက်ဖြစ်ပါတယ်..
အဲ့ဒီနေ့fieldဆင်းရမှာက
ဝါးဗျား(wabya)ရွာပတ်ဝန်းကျင်ကိုပါ..ကျနော်တို့အဖွဲ့မှာဆိုရင်
လူက၆ယောက်ရှိပါတယ်...ယောက်ျားလေးက
၎ယောက် မိန်းကလေးက၂ယောက်ပါ...ကျနော်တို့၆ယောက်မှာကိုယ်စီတာဝန်တွေရှိပါတယ်..
ကျောက်ထုတဲ့
လူက၁ယောက်..ကျောက်ထုတယ်ဆိုတာကကျောက်တွေရဲ့ simpleတွေကိုယူရတာပါ..simpleတုန်းကလက်သီစုတ် လောက်ဆိုရင်ရပါပြီ..အဲ့ဒါတွေကိုကျနော်တို့campဆီကိုယူခဲ့ရပါတယ်..
နောက်၁ယောက်က
compass ကြည့်ရပါတယ်..ကျနော်တို့ရောက်နေတဲ့နေရာဘယ်
နေရာလဲ..locationကိုကြည့်ရပါတယ်..ခုကျ
နော်တို့တွေ့တဲ့ကျောက်ဟာlocation
ဘယ်လောက်မှာတွေလဲဆိုတာသူကကြည့်ရပါတယ်..သူ့မှာကွန်တိုမြေပုံ
လည်းပါပါတယ်..
နောက်တယောက်ကပေကြိုးဆွဲရပါတယ်..နောက်တယောက်ကnotebookကိုင်ရပါတယ်..

အဲ့ဒီမှာnotebookကိုA4စာရွက်တွေသုံးပါတယ်..သူကကျနော်တို့ပြောတဲ့စာတွေကို
လိုက်မှတ်ရပါတယ်..ဘယ်
နေရာမှာဘာကျောက်တွေ့လည်းဆိုတာတွေ..
ကျောက်အမျိုးအစားတွေကိုသူကမှတ်တမ်းတင်ရပါတယ်
..နောက်
တယောက်ကထမင်းဘူးတွေရေဘူးတွေထမ်းရပါတယ်..ကျနော်တို့တဖွဲ့
လုံးစာပေါ့..အဲ့ဒါတွေအားလုံးကိုကျနော်
တို့အလှည့်ကျလုပ်ရပါတယ်..ကျနော်တို့
တွေcampထဲကိုညနေ၄၀၀မှာပြန်ရောက်ကြပါတယ်..campထဲပြန်
ရောက်တော့
ခဏနားကြတယ်...ပြီးရင်campdutyကျတဲ့ကောင်ကduty၀င်ရပါတယ်..
ရေချိုးတဲ့ကောင်က
ရေချိုး..ဘော်လုံးကန်တဲ့ကောင်ကဘော်လုံးကန်...
လက္ဘရည်ဆိုင
်ထိုင်တဲ့ကောင်ကထိုင်ပေါ့...လက္ဘရည်ဆိုင်အ
ကြောင်းကို
နောက်မှရေးပါ့မယ်...ရောက်ရင်ကျနော်တို့meating၀င်ရပါတယ်...
meatingမှာကျနော်တို့လိုအပ်
တာတွေကိုတင်ပြရပါတယ်..မကျေနပ်တာတွေရှိရင်
အဲ့ဒီမှာတိုင်ပင်ဆွေးနွေးလို့ရပါတယ်..ဥပမာဗျာ..ထမင်းချက်
မကောင်းဘူးတို့..
ဟင်းမကောင်းဘူးတို့..ဘာသားမစားဘူးတို့..
နောက်ပြီmeating မှာနောက်နေ့သွားရမယ့်နေ
ရာတွေကိုပြောပြပါတယ်...
ဒါကကျနော်တို့ရဲ့တနေ့တာပါ.....///








..ကျနော်တို့တွေရေချမ်းစဉ်ရွာရဲ့ဘုန်းကြီးကျောင်းမှာတည်းကြရပါတယ်..camp
ထဲမှာတရက်အနားရပါတယ်.
အနားရတဲ့နေ့မှာကျနော်တို့တွေစီစဉ်စရာရှိတာတွေ
စီစဉ်ကြပါတယ်...နေရာထိုင်ခင်းတွေနောက်ပြီးထမင်းချက်
မည့်နေရာတွေအစစအ
ရာရာပေါ့ဗျာ..ကျနော်တို့fieldထဲမှသုံးမယ့်ပစ္စည်းတွေကိုလည်းပြင်ဆင်ရတယ်..

ပေတရာရှိတဲ့နိုင်လွန်ကြိုး
ကိုတပေစီအမှတ်အသားတွေလုပ်ရတယ်..
သံလိုက်အိမ်မြောင်(compus).
.ရေဘူး..
ထမင်းချိုင့်..marker pan..A4စာရွက်..geologyတူအသည်ဖြင့်ပေါ့..နောက်နေ့မှကျနော်တို့တွေgeneral
ဆင်း
ကြရပါတယ်...campထဲမှာcamp dutyဆိုတာရှိတယ်...ကျနော်တို့မှာgroup
လေးတွေဖွဲ့ထားကြတယ်..အဲ့ဒီ
group တွေထဲကတယောက်စီက သူ့အလှည့်ကျ
အလိုက်duty၀င်ရပါတယ်...campdutyဆိုတာကcamp
ထဲမှာထမင်းချက်တဲ့အချိန်
ဆိုရင်ထမင်းဝိုင်းချက်ရတယ်..အိမ်သာရေဖြည့်ရတယ်..အစစအရာရာပေါ့ဗျာ...

ကျနော်တို့တွေမနက်၇၀၀လောက်မှgeneralဆင်းကြပါတယ်...generalက၅ရက်ဆင်း
ရပါတယ်...ပထမနေ့မှာ
တလယ်အင်းဆိုတဲ့ရွားလေးကိုသွားရပါတယ်...
ရှမ်းပြည်နယ်ကသိတဲ့အတိုင်းပဲ..
ကုန်တက်ကုန်းဆင်းတွေတော်
တော်များတာ..အဲ့ဒီနေ့မှာတော်တော်အီသွားတယ်..
အကျင့်ကလည်းမရှိဆိုတော့လေ...သွားရတဲ့ခရီးက၄မိုင
်လောက်ပဲရှိမယ်ထင်တယ်...
ဒါပေမယ့်တောင်ကုန်းတွေဖြစ်နေတော့၎မိုင်ကတော်တော်ကိုသွားရတယ်...ဒီက

လူတွေကတော့အကျင့်ဖြစ်ပါပြီ...ဂေါ်ဖီပန်းတွေ.ဂေါ်ဖီထုပ်တွေသူတို့တောင်းလေးနဲ့
သယ်သွားတာပေါ့ရွှတ်နေ

တာပါပဲ..ပြောပြအုံးမယ်..အဲ့ဒီကလှည်းမောင်းသမားကိုမေးကြည့်တယ်..
တောင်ပေါ်ကနေတောင်အောက်ကိုလှည်းမောင်းတာတနေ့ဘယ်လောက်ရလဲလို့..
၆၀
တဲ့ဗျာ....။











..အောင်ပန်းဘူတာမှာcampနှစ်campလုံးစုကြပါတယ်..ကျနော်တို့တည်းမယ့်ရေချမ်းစဉ်ရွာကိုသွားဖို့ ကားလိုက်ရှာရပါတယ် ..၂နာရီလောက်စောင့်လိုက်ရပါတယ်...ဟိုဘက်campကဘော်ဒါတွေနဲ့ဓါတ်ပုံတွေတွဲ ရိုက်ကြတယ်...၂နာရီလောက်အားနေတော့ကျနော်တို့ဘော်လုံးသွားကန်ဖြစ်တယ်...ဘူတာအနောက်ဘက်မှာ ကလေးတွေဘော်လုံးကန်းနေတာတွေ့တာနဲ့ကျနော်တို့လည်းဝင်ရောကန်ဖြစ်သွားတယ်...ဒါကလည်းအမှတ် တရတခုပါပဲ....ကားငှားလို့ရပါပြီ..ငှားခဲ့တာကကုန်ကား...၂campလုံးက ပစ္စည်းတွေကိုအောက်မှာထားပြီး ကျောင်းသားတွေကအပေါ်ကစီးကြရတယ်...ကားပေါ်မှာအယောက်၈၀နီးပါပါ....ည၈၀၀လောက်မှ ကျနော်တို့ တည်းမယ့် ရေချမ်းစဉ်ရွာလေးကိုရောက်ကြပါတယ်.....။















.






























နံနက်၇၀၀
မှာအောင်ပန်းကိုတက်မယ့်ရထားကိုသွားချိတ်ရပါတယ်...
၈၀၀လောက်မှရထားထွက်ဖြစ်ပါတယ်...
ကျနော်တခါမှအောင်ပန်းကို
ရထားနဲ့မသွားဖူးဘူး...ရထားနဲ့သွားရတဲ့အရသာကတော်တော်မိုက်တယ်.
အမြင့်ကိုရောက်လာတာနဲ့အမျှတဖြည်းဖြည်းအေးလာပါတယ်...တောတောင်ရှုခင်းတွေကအရမ်းကို
သာယာပါတယ်...ကျနော်တို့တွေဘ၀သံသရာ
တံတားကိုလည်းဖြတ်ခဲ့ကြရတယ်...ဒီတံတားကိုရောက်တော့
ကျနော်တို့ဆရာမကပြောတယ်...
သူတို့တုန်းကဒီမှာရထားပျက်လို့လမ်းဆင်းလျှောက်ရတယ်တဲ့...
ဟုတ်တယ်ခင်ဗျာ့...အဲ့ဒီတံတားနားရောက်
တော့ရထားကဖြည်းဖြည်းလေးအရှိန်လျှော့မောင်းတယ်...
အဲဒီမှာဘာတွေတွေ့ရလဲဆိုတော့ရထားလမ်းဘေး
ကတောင်နံရံတွေကျောက်တုန်းတွေမှာမှင်ဖျက်ဆေးတွေနဲ့
geology
ဘယ်နှခုနှစ်ကပါဆိုပြီးရေးသွားတာတွေ
တွေ့ရတယ်..တချို့ဆိုရင်အပင်တွေမှာ
ဓါးနဲ့ထွင်းပြီးရေးထားတာတွေတွေ့ခဲ့ရတယ်...နေ့လည်၁၀၀လောက်
မှာခွေးရုပ်ဘူတာ
ကိုရောက်တယ်ထင်တယ်..အဲ့ဒီမှာကျနော်တို့အတွက်အမှတ်တရတွေဖြစ်ခဲ့တယ်...

ထမင်းငတ်ကြမလို့ပါ..ကျနော်တို့တွေထမင်းတော်တော်စာနေကြပြီ..မနက်စာစားထားတာကနံနက်၄၀၀ထဲက..
ကျနော်တို့ဆရာမကပြောတယ်..ခွေးရုပ်ဘူတာရောက်ရင်ထမင်းဝယ်စားလို့ရတယ်တဲ့...ကျနော်တို့လည်းတင်း
ထားတာပေါ့ဗျာ...ဘူတာရောက်ပြီ..ထမင်းဆင်းဝယ်မဲ့ကောင်ကို ပိုက်ဆံပွတ်ပြီးရွေးလိုက်တယ်..ကံထူးရှင်က
သန်းနိုင်ဦး...ရထားကအဲ့ဒီမှ၅မိနစ်ပဲရပ်တာ...ထမင်းရောင်းတဲ့ဆိုင်မှာဆိုရင်လူတွေကတိုးနေတာပဲ...ရထား
လည်းထွက်ရောဒီကောင်ရောက်မလာသေးဘူး..ကျနော်တို့တွေခေါင်းကြီးသွားတယ်..ထမင်းမစာရတာက
ကြောင်းမဟုတ်ဘူး..ဒီကောင်ကျန်ခဲ့ရင်ပြသနာကတက်ပြီ...ကိုယ့်လူကရထားနောက်ကိုထမင်းထုပ်တွေကိုင်
ပြီးပြေးလိုက်လာတယ်...အဲ့ဒီအချိန်ကျနော်လက်ထဲမှကင်မရာရှိရင်ရိုက်လိုက်ချင်သေးတယ်...ဖြစ်ပျက်နေတဲ့
ု့ပုံကို...သူမှီသွားပါတယ်...ဟင်းတွေက၃မျိုးတောင်..ကြက်သား..၀က်သား..ဂျီသားတဲ့..မိန်လိုက်တာဗျာ...ငတ်
နေကြတာကိုး...တော်တော်ကိုအမှတ်တရဖြစ်ခဲ့ကြပါတယ်...လှိုင်ဂေါင်းတွေထဲရထားဝင်သွားရင်တတွဲလုံး
''ဝေး ဝေး ''လို့အော်ကြတယ်...ကျနော်တို့ဆိုရင် ရေနဲ့ပက်ကြတယ်...စိုချင်တဲ့လူစိုကြပေါ့...ပျော်စရာကြီးဗျ...
ကလောမြို့လေးကတော်တော်ကိုအေးချမ်းတဲ့မြို့လေးဗျ..ညနေ၄၀၀လောက်မှာအောင်ပန်းဘူတာကိုဆိုက်
ရောက်ပါတယ်.....။













..နံနက်၄၀၀လောက်မှသာစည်ဘူတာကြီးကိုရောက်ကြပါတယ်...အရင်ဆုံးရှာတာကရေချိုးဆိုင်ပဲ..ပြီးမှမနက်စာ စားကြပါတယ်..ဘူတာကြီးမှာအချိန်တော်တော်ကြာကြာနေလိုက်ရပါတယ်...အောင်ပန်းကိုတက်မဲ့ရှမ်းရထား ကိုစောင့်ရတာကိုး...။


ရန်ကုန်ဘူတာကြီးကနေနေ့လည်၁၂၀၀လောက်ထွက်ကြပါတယ်...ရထားပေါ်မှာကျနော်တို့ဆရာမက
သတိပေးပါတယ်...လမ်းဘူတာတွေမှအစားအစာဝယ်တာတွေကိုသတိထားဘို့ပါ...တချို့ဘူတာတွေမှာအစား
အစာဝယ်ရင်အသိုးတွေထိတတ်တယ်ပေါ့ဗျာ...မင်းတို့ဘတ်ခံထိမယ်ပေါ့...ပြောတာမကြာသေးပါဘူး..ကျနော့်
သူငယ်ချင်း သာဂိ ဘတ်ခံထိပါလေရော...ထမင်းဝယ်စားတာအသိုးတွေထိလာတယ်..တောင်ငူမှာဖြစ်တာ...
ကျနော်တို့လည်းဝိုင်းရယ်ကြတာပေါ့...အချဉ်ထိသွားပြီလို့..ဒီကောင့်ကို့field တလျှောက်လုံး အချဉ်လို့ပဲခေါ်ကြ
တယ်..နာမည်ပြောင်းပေးလိုက်တယ်...နောက်ပြီးရထားပေါ်မှခင်ဗျားတို့အိမ်သာတက်ဘူးလား...ကျနော်တော့
မပြောချင်တော့ဘူး..ခင်ဗျားတို့အရသာသိချင်ရင်တက်ကြည့်ကြ...ကျနော်တို့သာစည်ဘူတာကိုနောက်နေ့နံနက်
၄၀၀လောက်မှရောက်ကြတယ်....။


့်
နံနက်၅၀၀လောက်မှာရန်ကုန်ဘူတာကြီးကိုရောက်ပါတယ်..ပစ္စည်းတွေချပြီးတော့ကျနော်တို့ရဲ့ဆရာမက
meetingခေါ်ပါတယ်..ပစ္စည်းတွေကိုအလည့်ကျစောင့်ဘို့ပါ...ခဏနေတော့အဆင်ပြေသွားပါတယ်...ကျနော်တို့
မျက်နှာသစ်ဘို့ရေချိုးဆိုင်ကိုထွက်ခဲ့ကြပါတယ်...ရန်ကုန်ဘူတာကြီးကရေချိုးဆိုင်က သမ၀ါယမမှာဆီဝေသလား
အောင်းမေ့ရတယ်..လူတွေတိုးကြိတ်နေတာပါပဲ..ကျနော်တို့လည်းဖြစ်သလိုပဲမျက်နှာသစ်လိုက်ကြရပါတယ်...
ပီးမှဘူတာကြီးအရှေ့ကလက်္ဘရည်ဆိုင်မှာမနက်စာစား
ကြတယ်..နောက်တော့ပန်းဆိုးတန်းတပတ်လျှောက်လိတ်
ကြတယ်...နေ့လည်၁၂၀၀မှာရထားထွက်မယ်လို့
ပြောတယ်...ဒီကြားထဲအချိန်တွေကတော့ ဟိုယောင်ဒီယောင်ပေါ့ဗျာ.....







.....မုတ္တမဘူတာကိုညနေ၆:၀၀မှာရောက်ပါတယ်။ရထားကတော့အဆင်သင့်ပါ။ကျောင်းသားတွေအတွက်
သီးသန့်တွဲနှစ်တွဲပေးထားပါတယ်။ရောက်ရောက်ခြင်းပဲရထားပေါ်ပစ္စည်းတွေတင်ကြတယ်။တတွဲလုံး
ညနေတာပါပဲ။နေရာလုကြတာလေ။ကျနော်တို့အဖွဲ့ကတော့အိမ်သာနားမှာပဲရလိုက်ပါတယ်။ပစ္စည်း
တွေနေရာချပြီးမှထမင်းစားချင်တဲ့လူထွက်စားနိုင်တယ်၊ဆရာတွေကခွင့်ပြုလို့ဘူတာနားက
လူဝကြီးထမင်းဆိုင်
မှာသွားကြိတ်ကြတယ်။အဲဒီမှာကျနော်သူငယ်ချင်းအသေးလေးကစပြီးဖေါက်ပါလေ
ရော။အစားတခုတည်းမကောင်းဘူးအသောက်လေးပါဆိုရင်ပိုကောင်းမယ်။အားလုံးသဘောတူကြပါ
တယ်။ထောက်ခံမဲကရာနှုန်းပြည့်ပါ။အစီအစဉ်ဆွဲတုန်းပဲရှိသေး၊ကျနော်တို့ဆရာဦးစိုးဌေးနဲ့ဆရာမရောက်
ချလာပါလေရော။အစီအစဉ်တော့ပျက်ပြီ။တိုက်ပွဲကျတဲ့ရဲဘော်တွေလိုခေါင်းငိုက်စိုက်ပြီးရထားပေါ်တပ်
ခေါက်ခဲ့ရပါတယ်။ဇွဲကတော့မလျှော့သေး။ရထားပေါ်ကနေပြန်ဆင်းသွားတယ်။ဘယ်သူရှိမလဲ။
အသေးလေး
ပေါ့။ခဏကြာတော့ပါဆယ်တထုပ်ဆွဲပြီးတက်လာတယ်။အားလုံးအမြင်မှာတော့လိမ္မော်ရည်
ပေါ့ဗျာ။၈:၀၀နာရီလောက်မှရထားစထွက်ဖြစ်ပါတယ်။စထွက်ထွက်ခြင်းတတွဲလုံးညံနေပေမယ့်ညဥ့်နက်
လာတာနဲ့အမျှတတွဲလုံးတိတ်ဆိတ်ပြီးရထားခုတ်သံပဲကြားရပါတော့တယ်..........။။

အဖေ

အဖေ

SAVE OUR EARTH

SAVE OUR EARTH

Followers

Comments

ဧည့်သည်တော်မှတ်တမ်း


Blog Archive